Ubuntu သုံးတဲ့သူတွေအတွက် အဓိကကတော့ အင်တာနက်ဆိုရင် ပိုမှန်နေမှာပါ။
ဒီတော့ Wifi ချိတ်မရဘူးဆိုရင် ဘယ်လောက် ဒုက္ခရောက်မလဲ တွေးသာကြည့်ပေါ့။
Myanmar Net လိုင်းက နေရာတော်တော်များများမှာရလို့ တချို့ ဝမ်းသာ အဆင်ပြေကြပေမယ့် တချို့ Ubuntu Debian စက်တွေမှာ ချိတ်မရတဲ့ပြသနာ Login ဝင်မရတဲ့ ပြသနာတွေ တက်ကြပါတယ်။ WIFI EAP-TTLS မှာ Certificate မပါတဲ့ လိုင်းတွေ သုံးတဲ့အခါ Default က Certificate ပါမှ လက်ခံတော့ Login ဝင်မရဖြစ်တတ်ပါတယ်။
၁) အဟောင်းရှိနေလို့ အသစ်အနေနဲ့ ထပ်မချိတ်တာ အတွက်ကတော့
/etc/NetworkManager/system-connections
အောက်က Myanmar Net ဆိုတဲ့ ဖိုင်ကို ဖျက်လိုက်ပါ။ သူ့ SSID က ရှေ့မှာ Whitespace ပါနေလို့ Myanmar ဆိုပြီး ရိုက်ရှာရင် မတွေ့ပါဘူး။ ls နဲ့ဖြစ်ဖြစ် grep နဲ့ဖြစ်ဖြစ် ရှာလိုက်ပါ။
၂) ချိတ်လို့ရတယ် Login ဝင်လို့ မရဘူးဆိုတဲ့ သူတွေအတွက်ကတော့
Myanmar Net ဆိုတဲ့ ဖိုင်ကို ဖွင့်ပြီး system-ca-certs=true
ဆိုတဲ့ လိုင်းကိုရှာပါ system-ca-certs=false
လို့ပြောင်းပေးပါ။
တကယ်လို့ system-ca-certs=true
ကို ရှာမတွေ့ခဲ့ရင် [802-1x]
ဆိုတဲ့ section ထဲမှာ အောက်ဆုံးက သွားပြီး system-ca-certs=false
လို့ ရေးပြီး သိမ်းလိုက်ပါ။
System ဖိုင်တွေ ဖြစ်တဲ့အတွက် sudo နဲ့ သုံးရပါလိမ့်မယ်။
sudo nautilus /etc/NetworkManager/system-connections
ဒီကနေ gedit ပဲ သုံးမယ်ဆိုလဲ ရပါတယ်။