Installing Sublime text editor and Atom

319

Ubuntu user တွေအနေနဲ့ အထူးသဖြင့် Coding ရေးရတဲ့ သူတွေအတွက်အသုံးဝင်တာတဲ့ Text Editor တစ်ခုကတော့ Sublime Text Editor ပဲဖြစ်ပါတယ်။တခြား Editor တွေလည်းရှိပါသေးတယ် ကျွန်တော်က Sublime သုံးနေတာမို့ Sublime အကြောင်းပဲအရင်ပြောချင်ပါတယ် ။ Sublime ကိုသူ့တရားဝင် Website ဖြစ်တဲ့ http://www.sublimetext.com/ မှာTar File အနေနဲ့ ဒေါင်းလုတ်သွားဆွဲပြီး စက်ထဲထည့်လို့ရပါတယ်။ အဲ့လိုမဟုတ်ပဲ Command Line /Terminal ကနေ ထည့်လို့လည်းရပါတယ်။ အရင်ဆုံး Sublime Text ကိုထည့်မယ်ဆိုရင် Repository တစ်ခု Add ပေးရပါတယ် ။

sudo add-apt-repository ppa:webupd8team/sublime-text-2

or

sudo add-apt-repository ppa:webupd8team/sublime-text-3

(ကိုယ်လိုချင်တဲ့ Version ကိုထည့်ပါ ကျွန်တော်ကတော့ 3 ကိုသုံးစေချင်ပါတယ်။) ပြီးရင် Repository တွေကို update လုပ်ပေးပါ။

sudo apt-get update

ပြီးရင် Sublime Text Editor ကို အောက်ပါ Command နဲ့ လုပ်လို့ရပါပြီ ။

sudo apt-get install sublime-text-installer

လို့ရိုက်လိုက်မယ်ဆိုလို့ရှိရင် Sublime Text ကို Install လုပ်သွားမှာဖြစ်ပါတယ် ။ တစ်ခုသိထားရမှာက sudo apt-get install sublime-text-installer လို့တန်းရိုက်လို့မရပါဘူး Repo ထည့်ပြီးမှရမှာပါ ။Repo ထည့်ပြီး update လုပ်ပေးပြီးမှရမှာပါ ။ အင်တာနက်ကနေ Install လုပ်တာဖြစ်ပါတယ် ။ အင်တာနက်အဆင်မပြေရင်တော့တစ်ယောက်ယောက်ဆီကနေ Stick နဲ့ tarဖိုင်ကိုကူးလာပြီးInstall လုပ်တာပိုကောင်းပါတယ် ။ Sublime Text Editorဟာ Propriety product တစ်ခုဖြစ်ပါတယ် ။ အခကြေးပေးဝယ်ရယူရတာဖြစ်ပါတယ် ။ ဒါပေမယ့် Unlimited Trial ပေးထားတဲ့အတွက် မဝယ်လည်းအခမဲ့သုံးစွဲနိုင်ပါတယ်။ Webupd8team ရဲ့ Repository မှာတခြားအသုံးဝင်တာတွေရှိပါသေးတယ် ။ Sublime Text ဟာ Propriety Product တစ်ခုဖြစ်နေတာကို မကြိုက်တဲ့ Developer တွေက Develop လုပ်လိုက်တဲ့ Atom ဆိုတဲ့ Editor တစ်ခုရှိပါသေးတယ် ။ Sublime နဲ့သုံးရတာသိပ်မကွာပါဘူး ။ Atom ကိုလိုချင်တယ်ဆိုရင်တော့ Atom.io မှာ deb or rpm နဲ့ ဒေါင်းလုတ်ဆွဲလို့ရပါတယ် ။ Repository ထည့်ပြီး Installလုပ်ချင်တယ်ဆိုရင်တော့ ခုဏကအတိုင်းသိပ်မကွာပါဘူး ။

sudo add-apt-repository ppa:webupd8team/atom

sudo apt-get update

sudo apt-get install atom

လို့ရိုက်ထည့်ရုံပါပဲ ။ Atom မှာ အသုံးဝင်တဲ့ Packageတွေကို Installလုပ်နိုင်ပါတယ် ။မခက်ခဲတဲ့အတွက်မရေးပေးတော့ပါဘူး။ Atomကတော့ 100% Freeဖြစ်ပြီး Opensource ဖြစ်ပါတယ် ။ ဒီလိုပြောလို့ Sublime ကကော Opensource မဟုတ်ဘူူး လို့ပြောတာမဟုတ်ပါဘူး နှစ်ခုစလုံးက  Opensource ဖြစ်ပါတယ် ။

 

 

Ref:

  • http://ask.ubuntu.com ,
  • Ubuntu for everyone by Ko Ei Maung (http://eimaung.com/ubuntu-for-you)