How to install android file transfer for linux

324

How to Install Android File Transfer for Linux

Ubuntu စက်မှာ mount အဆင်ပြေပြေမရတဲ့ android တွေ အတွက် Android File Transfer for Linux ဆိုပြီးရှိပါတယ်
တကယ်တော့ Google ရဲ့ macOS အတွက်သုံးတဲ့ Android File Transfer ကို clone ထားတာ ဖြစ်ပါတယ်
UI ရိုးရိုးရှင်းရှင်း နဲ့ သင့်ရဲ့ android ကနေ ubuntu machine ထဲ ubuntu ကနေ android ထဲ ကို files တွေ folders တွေ အလွယ်တကူ ကူးယူနိုင်မှာဖြစ်ပါတယ်


အချို့တွေက ဖုန်း နဲ့ ကွန်ပျူတာ ချိတ်တဲ့ အခါမှာ directories တွေ မပေါ်လာတာတို့ mount မရတာတို့ ဖြစ်တတ်ပါတယ်
Android File Transfer For Linux က အဲလို အဆင်မပြေ ဖြစ်နေတဲ့ သူတွေ အတွက် ပါ
default file manager နဲ့အဆင်ပြေတဲ့သူတွေဆို အသုံးပြုစရာမလိုပါဘူး

သူ့မှာပါတဲ့ features တွေ ကတော့
. A straightfoward user interface
. Drag and drop support (Linux to Phone)
. Batch downloading(Phone to Linux)
. Transfer progress dialogs
. FUSE wrapper
. No file size limits
. Optional CLI tool
တို့ဖြစ်ပါတယ်

Install Android File Transfer on Ubuntu

သူ့ကို download လုပ်ဖို့အတွက် ပထမဆုံး repository ကို software sources ထဲ့ ထည့်ပေးရပါမယ်
အောက်ပါ command နဲ့ ထည့်နိုင်ပါတယ်

sudo add-apt-repository ppa:samoilov-lex/aftl-stable

ပြီးရင်အောက်ပါ command ကို run ပြီး install လုပ်လို့ရပါပြီ

sudo apt-get update && sudo apt install android-file-transfer

ပြီးရင် app menu ကနေ ရှာပြီးဖွင့်နိုင်ပါပြီ
အဆင်ပြေကြပါစေ