Welcome to Ubuntu-MM Q&A, Ubuntu Linux နှင့် ပတ်သက်သမျှ သိချင်တာ မေးပါ။ မမေးခင် မေးပြီးသား ရှိမရှိ ရှာပါ။ အမေးရှိပြီး အဖြေမရှိသေးပါက မေးခွန်းကို Vote ပေးခဲ့ပါ။

Categories

0 like 1 dislike
ကျနော် Ubuntu 18.04 ကို Install လုပ်ပြီး ကိုကိုရဲ ဖန်တီးထားတဲ့ Myanmar Font Switcher နဲ့ Zawgyi Keyboard ကို ကိုယ်တိုင်ထည့်ပါတယ်။ Zawgyi Keyboard Installation အချိန်မှာ Input Source မှာ Burmese Zawgyi ပေါ်မလာပါဘူး။ Reboot ချကြည့်လည်း မပေါ်လာသလို ပြန်သွင်းကြည့်တဲ့ အခါမှာလည်း ပေါ်မလာပါဘူး။ ဒါပထမဆုံး ကျနော် ကိုယ်တိုင် လုပ်ကြည့်တဲ့ အခေါက်မှာပါ။

Edit (ကျနော် ပြောဖို့ တစ်ခုလိုသွားပါတယ်။ ကိုကိုရဲ ကီးဘုက်ကို Install မလုပ်ခင် ကိုအိမောင်ရဲ့ zawgyi keyboard ကို Install လုပ်ခဲ့ပါတယ်။ ပတ်ဆင့် ရိုက်ဖို့ သတ်မှတ်တဲ့ Alternative Character Key Option မတွေ့လို့ ကိုကိုရဲ ကို အကူအညီတောင်းရင်း ကိုကိုရဲ ကီးဘုက်ကို Install လုပ်လိုက်ပါတယ်။)

ကိုကိုရဲ ကို အကူအညီတောင်းတော့ သူကိုယ်တိုင် တဖက်ကနေ တကူးတက imate သုံးပြီး ကျနော့်စက်ထဲ Install လုပ်ပေးပါတယ်။ သူလုပ်ပေးတော့ အိုကေသွားပါတယ်။ ကျနော် သုံးနေပါတယ်။ ဒီလိုနဲ့ တခြား တခြား ကျနော်လိုအပ်တဲ့ Apps တွေ စက်ထဲ Install လုပ်ပါတယ်။ နောက်တနေ့ စက်ကို ပြန်ဖွင့်တော့ Keyboard ပျောက်နေပြန်ပါတယ်။ Input Sources ထဲမှာ သွားပြန်ကြည့်တော့ အဲ့ဒီထဲမှာပါ ပျောက်နေတာပါ။

နောက်တစ်ရက် အဲ့အခြေအနေကို Co Hein (Lu Gyi Minn) ကို အကူအညီတောင်းတော့ သူလည်း ကျနော့်ကို Teamviewer နဲ့ ကြည့်ပြီး ထည့်ပေးပါတယ်။ အဆင်မပြေပါဘူး။ Zawgyi Keyboard Installed ဖြစ်သွားပေမယ့် Input Sources ထဲမှာ ပေါ်မလာပါဘူး။

အဲ့နောက်တစ်နေ့ ကျနော် ကိုချစ်ကိုကိုဝင်းကို ခေါင်းစားပါတယ်။ စက်ကို Fresh Install လုပ်ပြီး Co Hein ရဲ့ Guide အတိုင်း ပြန်လုပ်ဖို့ အကြံပေးပါတယ်။ တခြားသူတွေ အကုန်ရပြီး ကျနော် တစ်ယောက်တည်းမရသလို ဖြစ်နေပါတယ်။

ဆိုတော့ အဲ့ဒီအတိုင်းပဲ ကျနော်လုပ်လိုက်ပါတယ်။ အိုကေပါတယ်။ Keyboard လည်း ပေါ်ပါတယ်။ အဆင်ပြေပါတယ်။ Reboot ချပြီး ပြန်သုံးလည်း အဆင်ပြေပါတယ်။ အဲ့နောက်ပိုင်း ကျနော် Apps တွေကို Store ကနေပဲ ထည့်ပါတယ်။ မှတ်မှတ်ရရ Gnome Extension တွေသွင်းဖို့  Connector ကို Terminal ကနေ သွင်းပါတယ်။ အဲ့နောက်ပိုင်း စမ်းကြည့်ဦးမယ် ဆိုပြီး စက်ကို Reboot ချလိုက်ပါတယ်။ စက်ပြန်ဖွင့်ပြီး စက်တက်လာတော့ Keyboard ပြန်ပျောက်သွားပါတယ်။

ဟိုးအစအခေါက်တွေတုန်းကလည်း Gnome Extension တွေနဲ့ Connector ကို သွင်းတာတွေ ပြန်သတိထားမိလာပါတယ်။ အခုလက်ရှိမှာတော့ ..

ကျနော် Fresh Install ပြန်လုပ်ပါတယ်။ Zawgyi Keyboard Installation ကို မလုပ်သေးပဲ Gnome Extension & Connector ကို အရင်သွင်းလိုက်ပါတယ်။ အဲ့နောက်မှာမှ Myanmar Font Switcher & Zawgyi Keyboard ကို Co Hein ရဲ့ Guide အတိုင်း Install လုပ်ပါတယ်။

အိုကေ ပါတယ်။ Reboot ပြီးနောက်ပိုင်းလည်း အိုကေပါတယ်။ Keyboard မပျောက်တော့ပါဘူး။ ကျနော် ဖြစ်တဲ့ အတွေ့အကြုံကို မျှဝေခြင်းဖြစ်ပါတယ်။ ဘာကြောင့် ဖြစ်လဲဆိုတာကိုတော့ ဆရာတွေပဲ သိပါလိမ့်မယ်။
asked in Beginner by (380 points)
edited by

1 Answer

0 like 0 dislike

Related questions

1 like 0 dislike
1 answer
0 like 0 dislike
1 answer
0 like 0 dislike
1 answer
asked Dec 24, 2017 in Beginner by bksubhuti (140 points)
0 like 0 dislike
1 answer
asked May 16 in Beginner by Kaung Myat22 (120 points)
0 like 0 dislike
1 answer
...