Myanmar Keyboard, Font Switchers & Font Converter
[OS = Debian Buster (xfce)]
- သင်ပုန်းကြီး ကီးဘုတ် (သဝေထိုးကို ရှေ့ကရိုက်လို့ရတဲ့ကီးဘုတ်)
Keyboard and Layout
- ibus-keymagic_1.5.2.20140923-1kokoye20071~trusty1ubuntu4_amd64.deb
- Pyidaungsu MM.km2
Keyboard Setting
- Embed preedit text in application window > enable
Font
ပြဿနာ (၃) ခု ရှိပါတယ်
- တစ်ချို့ application တွေမှာ embed မဖြစ်ဘဲနဲ့ preedit text က ပေါ်ချင်တဲ့နေရာမှာ သွားပေါ်နေတာပါ။ စာရိုက်နေတဲ့ input window က တခြား စာသားပေါ်နေတဲ့ နေရာက တခြား ဖြစ်နေပြီးတော့ Enter/Space ခေါက်လိုက်မှ ဝင်သွားတာပါ။ (ရိုက်ရတာ အတော်မူးပါတယ်)
- အဲလို Embed မဖြစ်တဲ့ Application တွေမှာ Preedit Text တွေက ဇော်ဂျီနဲ့ ပေါ်နေတာပါ။ (System Default ကတော့ ဇော်ဂျီဖြစ်ပါတယ်)
- Snap Package တွေမှာ စာရိုက်လို့ မရပါ။
Default Unicode Keyboard (xkb လို့ခေါ်တယ် ထင်ပါတယ်) ကတော့ အပေါ်က ပြဿနာတွေ မရှိဘဲ အကုန်လုံးအဆင်ပြေပါတယ်။ ဒါပေမဲ့ သင်ပုန်းကြီးအတိုင်း သဝေထိုးကို ရှေ့က ရိုက်လို့ရချင်တာပါ။ xkb ရရင်တော့ ပိုကောင်းမယ်ထင်ပါတယ်။ ဒါမှမဟုတ် တခြားအဆင်ပြေတာရှိရင် လမ်းညွှန်ပေးစေချင်ပါတယ်။
(Windows 10 Default MM Keyboard မှာ သင်ပုန်းကြီးအတိုင်း ရိုက်လို့ ရနေပါပြီ)
- Myanmar Font Switcher များ
Installed & Tested Packages
- mm-kb-master **
- my-fs-cli
- myanmar-fonts-switcher_2.0.5-2~4~ubuntu18.04.1_all.deb
အကုန်လုံးရဲ့ ပြဿနာက ဖောင့်ပြောင်းလို့ မရတာနဲ့ ပြောင်းလိုက်ရင် GIMP မှာ Text Input လုပ်တဲ့အခါ GIMP က ရွေးထားတဲ့ ဖောင့်ကို မပြဘဲ Switcher က ရွေးထားတဲ့ ဖောင့်ကို မှားပြီး ပြနေတာပါ။
ဗားရှင်းကြောင့်လား၊ OS ကြောင့်လားတော့ မသိပါ။ ဖောင့်ပြောင်းဖို့ အဆင်ပြေတဲ့ app (သို့) နည်းလမ်း ရှိရင် လမ်းညွှန်ပေးစေလိုပါတယ်။
Edit: mm-kb-master ** ကို Debian Live System မှာ One-Liner-Command နဲ့သွင်းပြီး ပြန်စမ်းကြည့်တော့ GIMP မှာ ပြဿနာ မရှိတာကို တွေ့ရပါတယ်။ Shift Key နဲ့ EN<=>MM ပြောင်းလို့လည်းရပြီး သဝေထိုးကို ရှေ့က ရိုက်မရတာကလွဲရင် သုံးလို့ အဆင်အပြေဆုံး Package ပါပဲ။
- Zawgyi-Unicode Converter
Installed Packages
- python-myanmar_0.0.2-0_all.deb
- python-support_1.0.15_all.deb
- clip-text-convert-master.zip
ဒီတစ်ခုကတော့ အဆင်ပြေပါတယ်။ သိချင်တာကတော့ ယခုလက်ရှိ သုံးစွဲနည်းက အဆင့်သုံးဆင့်အစား နှစ်ဆင့်တည်း လုပ်လို့ ရမရ သိချင််ပါတယ်။ Convert & Paste ကို Shortcut Key တစ်ခုတည်းနဲ့ လုပ်လို့ ရနိုင်မယ့် နည်းရှိရင် လမ်းညွှန်ပေးစေချင်ပါတယ်။
copy + convert + paste = (Ctrl+C) + (Ctrl + Alt + Z (or) U) + (Ctrl + V)
copy + (convert&paste) = (Ctrl +C) + ?