အင်တာနက်သုံးတဲ့အခါ G, H+, E, 3G နဲ့ LTE တိုအကြောင်း

340

အင်တာနက်သုံးတဲ့အခါ ဖုန်းရဲ့ ထောင့်တစ်နေရာမှာ

H+ လေးပေါ်လိုက် .. 3G ဖြစ်သွားလိုက်နဲ

H+ ဆိုတာ မသိခင် .. အရင်သုံးနေကြ H ဆိုတာ ဘာလဲ သိရပါမယ်။

H – HSDPA (High Speed Downlink Packet Access) (Year-2006)

H+ ထက်ပိုနှေးပါတယ်။ ပျမ်းမျှ 7.2 Mb/s

HD video တွေ တိုက်ရိုက်ကြည့်နိုင်ဖို့ လုံလောက်တဲ့ မြန်နူန်းဖြစ်ပါတယ်

H+ – HSDPA Plus (Year-2011)

H ထက် ပိုမြန်တာ အသေအချာပါပဲ ။

အင်တာနက် မြန်နူန်း 21 Mb/s ထိရပါတယ်။

ကြည်လင်ပြတ်သားတဲ့ HD video တွေ တိုက်ရိုက်လွယ်လွယ်ကူကူကြည့်ရှုနိုင်ပါပြီ။ broadband connection တွေနဲ့တောင်တူတယ်

3G – 3rd Generation / UMTS ( Year- 2003)

ရုပ်ရောအသံပါ (video calling) အင်တာနက်မြန်နူန်းတစ်ခုဖြစ်ပါတယ်။

စစပိုင်း 384kb/s သာရရှိနိုင်ခဲ့ပြီး ..အခုချိန် ဒေါင်းလုပ်မြန်နူန်းကို 2Mb/s ထိ ရရှိနိုင်ပြီဖြစ်ပါတယ်။

20ရာစုအစပိုင်း မိုဘိုင်းလ်ဖုန်းတွေ အရှိန်အဟုန်မြင့်တိုးတက်လာချိန်မှာ ရရှိတဲ့ အင်တာနက်မြန်နူန်းဖြစ်လို့ 3rd Generation လို့ခေါ်တာပါတဲ့။

E – EDGE (Enhanced Data Rates for GSM Evolution) ( Year- 2006)

အင်တာနက်မြန်နူန်းက 384Kb/s ။

EDGE ကို 2.75G လို့ ယူဆလို့ရပါတယ်။

3G မပြည့်ဘူးပေါ့ ။ 2G ကနေ 3G ဖြစ်လာဖို့carriers ကို အဆင့်မြင့်လိုက်ခြင်းပါ။

E ဆိုတာ 3G နည်းပညာပေါ်လာပြီးမှသာ ဖြစ်လာခြင်းဖြစ်ပါတယ် ။

G – GPRS (General Packet Radio Service)( Year- 2000)

GPRS ဆိုတာ GSM တွေထက် အနည်းငယ်မြန်တဲ့ မြန်နူန်းတစ်ခုပါ။ 2.5G လို့လည်း ယူဆနိုင်ပါတယ်။

2G ကနေ ပြောင်းလဲလာခြင်းဖြစ်ပြီး webpage တစ်ခုသာ မြန်နူန်းကတော့ 115kb/s ရပါတယ်။

GPRS ကနေသာ 3G -> EDGE -> H -> H+ -> LTE အဆင့်ဆင့် ပြောင်းလဲတိုးတတ်သွားခြင်းပါ။

LTE – Long Term Evolution (4G*) ( Year- 2013)

မြန်နူန်းအမြင့်ဆုံးကတော့ LTE ပါ။

မြန်နူန်း 100Mb/s အထိ ရပါတယ်တဲ့ ။

Full HD Videos များကို ကြည့်ရူခြင်းကို လုပ်ဆောင်နိုင်ပါတယ်။

LTE ဆိုတာ 4G နဲ့မတူပါဘူး ။ LTE ကိုသာ 4G လို့ မှတ်ယူတတ်ကြပါတယ်။

4G အစစ်အမှန်ဆိုရင် LTE ထက် မြန်ပါသေးတယ်။ မြန်နူန်း 1Gb/s ထိရနိုင်ပြီး LTE ထက် ဆယ်ဆ သာပါတယ်တဲ့။

 

(အဲ့လောက် သုံးရရင် သေပျော်ပါပြီ ) 😛

ဘာသာပြန်ဆိုသည်- Giffgaff.com