• Register
Welcome to Ubuntu-MM Q&A, Ubuntu Linux နှင့် ပတ်သက်သမျှ သိချင်တာ မေးပါ။ မမေးခင် မေးပြီးသား ရှိမရှိ ရှာပါ။ အမေးရှိပြီး အဖြေမရှိသေးပါက မေးခွန်းကို Vote ပေးခဲ့ပါ။

NTFS External Harddisk mount လုပ်လို့မရပါ

1 like 0 dislike

ကျနော့်ရဲ့ External Harddisk ထိုးလိုက်တော့ခုလို error ပေါ်လာပါတယ်။

Error mounting: mount exited with exit code 13: $MFTMirr does not match $MFT (record 0).
Failed to mount '/dev/sdb1': Input/output error
NTFS is either inconsistent, or there is a hardware fault, or it's a
SoftRAID/FakeRAID hardware. In the first case run chkdsk /f on Windows
then reboot into Windows twice. The usage of the /f parameter is very
important! If the device is a SoftRAID/FakeRAID then first activate
it and mount a different device under the /dev/mapper/ directory, (e.g.
/dev/mapper/nvidia_eahaabcc1). Please see the 'dmraid' documentation
for more details.
 
asked Mar 31, 2015 in Beginner by jjrofriloc (190 points)

2 Answers

0 like 0 dislike
HDD Error ဖြစ်နိုင်သလို ကြိုးမကောင်းရင် ကြိုးသေသေချာချာမမိရင်လဲ ဖြစ်တတ်ပါတယ်။
အလွယ်ဆုံး အနေနဲ့ USB ကြိုးလဲ ပြီး သေသေချာချာ ပြန်စမ်းကြည့်ပါ။

မရခဲ့ဘူးဆိုရင် HDD ကို စစ်ရပါလိမ့်မယ်။
HDD ပျက်တာဆိုရင်တော့ ဒေတာတွေအတွက် သမျှောစရာပဲ။

ဖိုင်တွေပဲ ပျက်တာ hdd နည်းနည်းပဲ ကြောင်တာဆိုရင် fsck တို့ testdisk , photorec တို့နဲ့ ဒေတာ ပြန်ယူလို့ရပါတယ်။
answered Mar 31, 2015 by kokoye2007 (3,690 points)
ဟုတ်တယ် ကျနော်လည်းအစက harddisk ပျက်တယ်လို့ ထင်ပြီး သောကရောက်နေတာ။ ခက်တာက hard disk ကလည်း ၀ယ်ထားတာ ရက်ပိုင်းပဲရှိသေးတော့ ကြိုးစားကြည့်ဦးမယ်ဆိုပြီး လိုက်ရှာကြည့် တာ ntfs-3g နဲ့ အဆင်ပြေသွားလို့ တော်သေးတယ်။ ကျေးဇူးပါ။very quick response. :)
1 like 0 dislike
နည်းနည်းဂူဂဲလိုက်တော့ Drive ရဲ့ NTFS file system corrupt ဖြစ်နေလို့လို့ပြောကြပါတယ်။

http://askubuntu.com/questions/500647/unable-to-mount-ntfs-external-hard-drive
အထက်ပါလင့်ခ်က အဖြေအတိုင်း ntfs-3g package သွင်းပြီး hard disk file system ကို repair ပြန်လုပ်လိုက်တာ mount ပြန်လုပ်လို့ရသွားပါတယ်။

Run ရတဲ့ command တွေကို အတို ပြန်ရေးရရင် ပထမဆုံး ntfs-3g ကိုသွင်းရပါတယ်။
`sudo apt-get install ntfs-3g`

ntfs-3g ကိုသွင်းပြီးသွားရင် 

`sudo ntfsfix -b /dev/sdb1` command ကိုသုံးပြီးပြင်လိုက်ရုံပါပဲ။

ကျနော့် hard disk က /dev/sdb1 မှာရှိလို့ /dev/sdb1 လို့ရေးပါတယ်။ တကယ်လို့ သင့် harddisk က ဘယ်မှာရှိလဲဆိုတာမသိရင် error message မှာရှာကြည့်ပါ၊ မတွေ့ရင်တော့ `sudo fdisk -l` command နဲ့ ကြည့်လို့ရပါတယ်။
answered Mar 31, 2015 by jjrofriloc (190 points)

Related questions

0 like 0 dislike
1 answer
asked Jun 5 in Beginner by Thura (610 points)
0 like 0 dislike
1 answer
1 like 0 dislike
2 answers
0 like 0 dislike
1 answer
0 like 0 dislike
0 answers
asked Oct 30 in Beginner by htun (120 points)
...