Welcome to Ubuntu-MM Q&A, Ubuntu Linux နှင့် ပတ်သက်သမျှ သိချင်တာ မေးပါ။ မမေးခင် မေးပြီးသား ရှိမရှိ ရှာပါ။ အမေးရှိပြီး အဖြေမရှိသေးပါက မေးခွန်းကို Vote ပေးခဲ့ပါ။

Boot loader error because of uefi mode

0 like 0 dislike
Ubuntu 17.04တင်တာ grub2 install လုပ်လို့မရဘူးဆိုပြီးerrorတက်လို့bootမတက်ပာါ။အရင်version တုန်းကလာ်း boot repair နဲ့အဆငိပြေပေမယ့်ဒီတစ်ခေါက်ကျမရတော့ပါဘူး partation 3 ပိုင်းရှိပါတယ်. Efi mode တွေအကြေားင်ပါရှင်းပြပေးစေချင်ပါတယ်
asked Jun 8 in Beginner by than hlaing wim (170 points)

1 Answer

0 like 0 dislike
boot မတတ်တာက Windows နဲ့တွဲတင်တုန်းဖြစ်တာလား?

grub2 က တခါတလေ sudo update-grub လုပ်ပေးပြီး reboot ပြန်လုပ်ရင်အဆင်ပြေတတ်ပါတယ်။ Windows ရဲ့ MBR ပျက်သွားလား ဆိုတာလဲ ပြန်ကြည့်ပေးပါ။

UEFI အကြောင်းကတော့... ခေတ်အရ အရင်လို boot လုပ်တာက 8 bit နှုန်းနဲ့ singel core processor အတွက် အဆင်ပြေပေမယ့် အခုခေတ် 64 bit တွေက server , desktop, laptop အစုံမှာ သုံးလာနိုင်တော့ အရင်လို boot စနစ်က အရမ်းနှေးစေပါတယ်။ Hardware ရဲ့ အစွမ်းကို အကုန်မသုံးတဲ့သဘောပါ။ ဒါ့ကြောင့် UEFI တွေကတော့ 64 bit အပြည့်သုံးနိင်တော့ boot တက် မြန်စေပါတယ်။ လုံခြုံရေး စနစ်အရလည်း ပိုမိုကောင်းမွန်လာပါတယ်။ Linux စပေါ်လာထဲက server တွေရဲ့ reboot , downtime နည်းအောင် efi က 64 bit နဲ့ ထောက်ပံ့နေပါတယ်။ အခုတော့ တကိုယ်ရည်သုံး ကွန်ပျူတာတွေက အဆင့်မြင့်လာတော့ စက်တိုင်း OS တိုင်းက အမြန်နှုန်းပြိုင်ကြရင်း UEFI က မသုံးမဖြစ် တခုဖြစ်လာတာပါ။ ဒီအကြောင်းတွေကို LoCo Team က သင်တန်းထပ်ဖွင့်ဖြစ်ရင် အသေးစိတ်ထပ်ပြောပြပါအုန်းမယ်။

Best Wishes

Tho Hi
answered Jul 3 by Tho Hi (520 points)
...